Monday, September 29, 2008

ကိုကိုနှင့်ညီမလေးဆိုတဲ့အကြောင်းကိုညီမလေးဘက်ကအတွေး...အမြင်နဲ့ရေးပြထားတာပါ...


ကိုကိုက ညီမလေးကို တော်တော်ချစ်တာ... အမှန်အတိုင်းပြောရရင်'ကိုကို'ဆိုတဲ့ ညီမလေးရဲ့ ကိုကို့ ကိုအရမ်းချစ်တယ်...ကိုကို ညီမလေးကိုမချစ်တော့မှာ ညီမလေးအရမ်းစိုးရိမ်တယ်... တကယ်စိတ်ရင်းအမှန်တွေနဲ့ရေးနေတာပါ... ညီမလေး ကိုကို့ အပေါ်မှာဆိုးတယ်... ဒါကို ကိုကိုလည်းသိမှာပါ... ဒါပေမယ့် ညီမလေးဘယ်လောက်ဆိုးဆိုး ကိုကိုအမြဲတမ်းခွင့်လွှတ်တယ်... ဘယ်လောက်တောင်ဆိုးလဲဆိုရင်လူကြားသူကြားမရှောင်ဘဲ ညီမလေးကိုကို့ ကိုအော်ပစ်လိုက်တာ... ကိုကို တော်တော် စိတ်ဆိုးတာပေါ့... ကြာလာတော့ ညီမလေးမဆိုးအောင်ဘဲနေတောမယ်လို့ဆုံးဖြတ်လိုက်တော့တယ်... ကိုကိုက ညီမလေးကို တော်တော်ချစ်တယ်... ညီမလေးမုန့်ဖိုးမရှိရင်မုန့်ဖိုးပေးတယ်... စိတ်ညစ်နေရင် အားပေးနှစ်သိမ့်တယ်... ညီမလေးကို နေ့တိုင်းထမင်းချိုင့်ဆွဲပြီး ခွံ့ကျွေးတယ်... ဒီ post ကိုဖတ်ပြီးတဲ့လူတိုင်း ညီမလေး နေရာမှာဝင်ပြီးကိုယ့်ချစ်သူနဲ့စိတ်ကူးယဉ်ကြည့်ပါလား... အားလုံး အချစ်ဆိုတဲ့အရာကို ခံစာဖူးကြမှာပါ... ဟင်းမကောင်းရင်လည်း ညီမလေးအကြိုက် လိုက်ဝယ်ကျွေးတယ်... ကိုကို က ညီမလေးရဲ့ အုပ်ထိန်းသူလဲဟုတ်တယ်... အစ်ကိုတစ်ယောက်ဆိုရင်လည်းဟုတ်တယ်... အဲ... ပြီးတော့ချစ်သူဆိုရင်လည်းမလွဲပါဘူ... ကိုကို ကလေညီမလေးဆိုရင်အရမ်းသ၀န်တိုတတ်တာ... ဒါတောင်ညီမလေးက မလှဘူးနော်...ညီမလေးတို့ချစ်သူသက်တမ်းက 2နှစ်ကျော်ပြီ... ကိုကို အမြဲတမ်းပြောတဲ့စကားရှိတယ်... အဲဒါက ကိုကိုတို့ဘာအကြောင်းပဲ ဖြစ်နေဖြစ်နေမရရအောင်လက်ထပ်ကြမယ် တဲ့... အမြဲတမ်းထာဝရ လက်တွဲသွားဖြစ်မယ်လို့ ညီကလေးကတော့ယုံကြည်တယ်... ဤစာကို ဖတ်နေတဲ့ ဦးလေး...ဒေါ်ဒေါ်...ကိုကို...မမ တို့လည်းဆုမွန်ကောင်းတောင်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်...ကျေးဇူးတင်ပါတယ်...

Saturday, September 27, 2008

အယူခံအချစ်-၂


သတိရတယ် ကိုကိုရေ



ဘယ်လိုနေရမလဲ



ရူးသွားမလောက် ခံစားမှုတွေပြင်းထန်လွန်းတော့



တွေးရင်း ငိုချင်မိ



မင်းမသိနိုင်တော့



ရင်မချိအောင်ကြေကွဲရ



ချစ်မိသမျှ ဝေဒနာကဖိစီး



နီးစပ်ခွင့်မရှိကြတော့ဘူးလား....



အတားအဆီးတွေကများ



ကျော်ဖြတ်ဖို့ ခွန်အားကနည်း



အသည်းထဲမှာ စူးနစ်မလောက်စွဲငြိနေတော့



မသေချာတဲ့ မျက်လှည့်လောကကြီးနဲ့



လှောင်ရယ်တတ်တဲ့ ကြမ္မာကို ရိုးမယ်ဖွဲ့



အရာရာဟာ အဓိပ္ပာယ်မဲ့



ငဲ့ကွက်မိတဲ့ အပြစ်ဒဏ်



အသည်းကွဲ မျက်ရည်ကျ



မျှော်မှန်းချက် ကမ္ဘာကြီးပျက်သုန်း



အကြင်နာဒဏ်ရာတွေ မဆုံးနိုင်တော့



စိတ်ကူးယဉ် အိပ်မက်မက်



အလွမ်းနေ့ညတွေ ဖြတ်သန်း



ကြင်နာသူမရှိတဲ့ ကာရန်မဲ့ဘဝ



အနှစ်မရှိတဲ့နေရာ



ချစ်မိသူကို သနားငဲ့ညှာစေဖို့



သေရာပါ အမာရွတ်ကို



အကြင်နာဆေး ပေးစေချင်တယ်ကွယ်....